အမေ့အိမ်သို့.........
အမေ..
ပြန်လာချင်တယ်အမေ့ဆီကို
အမေ..
ပြန်နေချင်လှပြီအမေ့အိမ်မှာ
ဟောဒီနိုင်ငံခြားကြီးဟာ
ဘယ်လောက်သာယာပါစေ
ဘယ်လောက်ပဲတိုးတက်ပါစေ
အမေ့လက်နဲ့ပွေ့ဖက်ထားတာလောက်
နွေးထွေးမှု့မရှိပါဘူးအမေ..
ဟောဒီသူတို့တိုင်းပြည်ကြီးမှာ
ဘယ်လို့ကောင်းတဲ့ နတ်သုဒ္ဓါတွေနဲ့ ဖြားယောင်းပါစေ
ကျွန်တော်ခံတွင်းမတွေ့ဘူးအမေ
အမေအိမ်က ၀ါးအခင်းမှာ
အေးအေးဆေးဆေး တေးငြီးရင်
ငါးပိရည် အတို့အမြှုပ်နဲ့
ထမင်းလုတ်တွေ လွေးချင်လှပြီ
အမေ..........။
No comments:
Post a Comment