ရန်လေးရဲ့မေတ္တာရနံ့ဘလော့လေးကိုလာရောက်အားပေးကြသူအပေါင်းထာဝရပျော်ရွှင်ချမ်းမြေ့ကြပါစေ

MusicPlaylistView Profile
Create a playlist at MixPod.com

ရန်လေးရဲ့မေတ္တာရနံ့ဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ ယောက်မေတ္တာရနံ့ကိုဝင်ရောက်ကြည့်နေပါတယ်.....ကျေးဇူးပဲနော်

Friday, February 3, 2012

ထမင်းဝိုင်း

Unknown | 11:45 PM | Best Blogger Tips
မိသားစုတွေစုံလင်ပေမဲ့
ကျွန်တော်မပါတဲ့ထမင်းဝိုင်း
အမေလွမ်းနေမယ်ဆိုတာ
သားသိနေတယ်…အမေ။
လပ်နေတဲ့တနေရာစာတွက်
ကျိတ်ငိုရတဲ့မျက်ရည်တွေနဲ့
သောကများနေမယ်ဆိုတာလည်း
သားသိနေတယ်…အမေ။
ဒီလိုပါပဲ…………….
ဟင်းရာတွေစုံလင်ပေမဲ့
ခြောက်ကပ်တိတ်ဆိတ်နေတဲ့
ကျွန်တော်ရဲ့ထမင်းဝိုင်းလေးလည်း
အထီးကျန်နေပါတယ်..အမေ။
မငိုပါနဲ့..အမေ
အိုနေတဲ့ပါးပြင်ကမျက်ရည်စတွေ
မကြာခင်မှာတိတ်ရပါစေ့မယ်
လပ်နေတဲ့တနေရာစာလည်း
မကြာခင်ပြည့်ရပါစေ့မယ်
သားရဲ့အပြန်လမ်းမျှော်မှန်းရင်းသာ
ထမင်ဝိုင်းမှာစောင့်နေပါတော့…အမေ။
         ရန်လေး(ရေစကြို)
                     

No comments:

Post a Comment