ရန်လေးရဲ့မေတ္တာရနံ့ဘလော့လေးကိုလာရောက်အားပေးကြသူအပေါင်းထာဝရပျော်ရွှင်ချမ်းမြေ့ကြပါစေ

MusicPlaylistView Profile
Create a playlist at MixPod.com

ရန်လေးရဲ့မေတ္တာရနံ့ဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ ယောက်မေတ္တာရနံ့ကိုဝင်ရောက်ကြည့်နေပါတယ်.....ကျေးဇူးပဲနော်
Showing posts with label ရင်တွင်းရနံ့. Show all posts
Showing posts with label ရင်တွင်းရနံ့. Show all posts

Saturday, February 4, 2012

ခံစားချက်နောက် စိတ်ရောက်လို့ ..အမှားမပြုမိနဲ့ ချစ်သူ...

Unknown | 4:23 AM | Best Blogger Tips

ငါနဲ့နင် ဘဝခရီးလမ်းကို အတူလျှောက်လှမ်းကြဖို့ ကတိသစ္စာတွေပြုလို့..ပျော်ရွှင်ကြည်နူးခဲ့မိတယ်..
တို့ဘဝတွေ အခြေခိုင်ဖို့ငါ့ ပညာကို အရင်းအနှီးလုပ်..ချစ်ခြင်းကို ရင်မှာသိမ်းလို့.မွေးရပ်မြေကို စွန့်ခွာခဲ့တယ်..(နင်ရဲ့ ချစ်ခြင်းနဲ့အတူပေါ့ )...
တိုင်းတပါးမှာ အခက်ခဲကြုံတိုင်း နင်နဲ့ငါ နီးဖို့ လမ်းစရှာလို့ ငါဖြေရှင်းခဲ့တယ်...(နင့်ကို မသိစေချင်တာ အမှန်ပါ)
ကြားလိုက်ရတဲ့ သတင်းတခု ငါ့ဘဝကို ပြောင်းလဲပြစ်ဖို့ ငါစိတ်ကူးရတော့မှာလား...
နင်နဲ့ငါ ပွင့်လင်းစွာတိုင်ပင်လို့ ဖြေရှင်းဖို့ကြိုးစားခဲ့တာ...နင်ရဲ့ စကားတခွန်းကြောင့်ပါ....
"ငါဟာ နင့်အတွက်ဘဲ ဖြစ်ရမှာပါ..နင်ခွင့်လွှတ်နိုင်မယ်ထင်လို့ပါ.. "
ရှေ့ဆက်ဖို့တွက် ငါ့ရဲ့ အားအင် ဘယ်မှာ ရှာရမလဲ..နင့်ရဲ့ စကားတွေကို ယုံကြည်မိလို့လား...ငါမသိသော တခြားတယောက်နင် ချစ်ခဲ့ပြီလား...ငါနဲ့ဝေးတာ လပိုင်းလေးပါ...
ငါလုပ်မိခဲ့တဲ့ အမှား ဘာများရှိလဲ ပြောပြပေးပါ..နင့်ကိုငါ တဘဝလုံးစာရည်ရွယ်လို့ပါ...
ပင်ပန်းတဲ့ ငါ့အလုပ် အချစ်စိတ်ကို မြှုပ်နှံလို့ ဘဝတခုလုံးစာ သွားရတော့မှာလား...
ငါ့ကို စာနာဖို့ ငါ့ကို နားလည်ဖို့ မတောင်းဆိုချင်တော့ပါဘူး...နင်ပျော်နေတယ်ဆိုလို့ပါ...နင်နဲ့ငါ ချစ်ခဲ့ တာ နှစ်လတွေကြာရှည်စွာနဲ့...တဦးတယောက်ရဲ့ တိုက်တွန်းမှု မပါခဲ့တာ အားလုံး အသိပါ...
အရာရာကို အမုန်းနဲ့ အဆုံးမသတ်ချင်ဘူးချစ်သူ.ငါသတိယမိတဲ့ စာသားလေးတခုအတိုင်း ဖြစ်ဖို့ ငါမဝင့်ရဲခဲ့ဘူး...
"ငါချစ်တဲ့မင်း ကြူလွန်းလို့ တခြားတယောက်နောက်




Friday, February 3, 2012

ခံစာလို့ မကောင်းတဲ့ အရာ......

Unknown | 8:04 PM | Best Blogger Tips
အချစ်ဆိုတာကို ခံစားတတ်တဲ့ အချိန်မှာ ငါငိုနေရပြီ....
အလွမ်းတွေ နင့်နေချိန်...လမ်းခွဲခဲ့ပြီ...
အတိတ် ကို အရိပ်လို့ ထားဖို့ ဆိုတာ မဖြစ်နိုင်တာ ငါ့ကိုယ်ငါ သိနေတယ်..
မေ့ပြစ်အောင် ကြိုးစားတိုင်းလဲ ငါနာကျင်ရတယ်...
အစားထိုးဖို့ငါ ကြံလိုက်တိုင်း မဖြစ်နိုင်မှန်း ငါသိနေတယ်...
တခါတရံ ဘေးနားမှာ ငါမှီဖို့ ပုခုံးလေးတဘက်ရှိရင် ဘယ်လောက်ကောင်းမလဲလို့ တွေးမိခဲ့တယ်...