မင်းဆဒ္ဒန်လို
အစွယ်လိုချင်လဲ ငါကတော့ပေးမှာပဲ
မင်းသာ
သုဘဒ္ဒါလို
ရင်ကွဲနာမကျပါစေနဲ့။
ရန်လေး(ရေစကြို)
Showing posts with label ကဗျာရနံ့. Show all posts
Showing posts with label ကဗျာရနံ့. Show all posts
Sunday, March 11, 2012
ငါတို့ရဲ့အိမ်
လိုအပ်တာတွေမပြည့်စုံပေမဲ့
မေတ္တာတရားတွေပြည့်လျှံနေတဲ့
ငါတို့ရဲ့..............အိမ်။
တယောက်လဲရင်
တယောက်ထူလို့
ဒုက္ခကိုအညီအမျှ
အတူမျှလို့ခံစားကြတဲ့
ငါတို့ရဲ့...........အိမ်။
မရှိအတူ၊ရှိအတူ
အေးတူပူအမျှ
သောကတွေကို
ညီတူမျှတ..ခံစားကြတဲ့
ငါတို့ရဲ့....အိမ်။
အတ္တတွေကင်းတဲ့..အိမ်
လောဘတွေကင်းတဲ့...အိမ်
မေတ္တာတွေနဲ့မိုးထားတဲ့..အိမ်
အဲဒီအိမ်ကို...............
ငါတို့တတွေအရောက်ပြန်ကြပါစို့.. .သူငယ်ချင်းတို့ရေ.....
ရန်လေး(ရေစကြို)
လိုအပ်တာတွေမပြည့်စုံပေမဲ့
မေတ္တာတရားတွေပြည့်လျှံနေတဲ့
ငါတို့ရဲ့..............အိမ်။
တယောက်လဲရင်
တယောက်ထူလို့
ဒုက္ခကိုအညီအမျှ
အတူမျှလို့ခံစားကြတဲ့
ငါတို့ရဲ့...........အိမ်။
မရှိအတူ၊ရှိအတူ
အေးတူပူအမျှ
သောကတွေကို
ညီတူမျှတ..ခံစားကြတဲ့
ငါတို့ရဲ့....အိမ်။
အတ္တတွေကင်းတဲ့..အိမ်
လောဘတွေကင်းတဲ့...အိမ်
မေတ္တာတွေနဲ့မိုးထားတဲ့..အိမ်
အဲဒီအိမ်ကို...............
ငါတို့တတွေအရောက်ပြန်ကြပါစို့.. .သူငယ်ချင်းတို့ရေ.....
ရန်လေး(ရေစကြို)
Monday, February 27, 2012
မငိုပါနဲ့..အမေ
Unknown | 7:56 PM |
ကဗျာရနံ့

လွမ်းနေပြီလား..အမေ
သားလဲအမေ့လိုပါပဲ။
ငိုနေပြီလား..အမေ
သားလဲအမေ့လိုပါပဲ။
မလွမ်းပါနဲ့..အမေ
သားနမ်းခဲ့တဲ့အမေ့ပါးနှစ်ဖက်
မျက်ရည်စက်တွေကျမှာစိုးလို့ပါ။
သားလဲ..မလွမ်းပါဘူး
မျက်ရည်စက်တွေကျခဲ့ရင်
သားရဲ့ပါးနှစ်ဖက်က
အမေ့အငွေ့အသက်လေးတွေ
လွှင့်ပျောက်သွားမှာစိုးမိလို့ပါ ..။
မငိုပါနဲ့..အမေ
စိုနေတဲ့မျက်ရည်ကို
သုတ်ပေးမဲ့..သားကအဝေးမှာလေ။
သားလဲမငိုပါဘူး..အမေ
ကျလာမဲ့မျက်ရည်စက်ကို
သုတ်ပေးမဲ့..အမေကအဝေးမှာမို့ပါ။
ရန်လေး(ရေစကြို)
ထန်းတက်သမား
Unknown | 12:22 AM |
ကဗျာရနံ့

အန္တရာယ်ဆိုတာသူမစဉ်းစား
မနက်ဖြန်ထမင်းနပ်မှန်ဖို့အရေးကိုဖြင့်
ကြိုတွေးကာမနေမနားပဲ
ပင်ထက်ဖျားမှာမမောနိုင်ရှာ..... ။
သက်ခန္ဓာကြွေပျက်သုန်းလဲ
အိမ်သူသက်ထား၊သားမယားတွက်
ပေးဆပ်ခြင်းအင်အားများနဲ့
မွေးခဲ့လေသလား..
အို..ထန်းတက်သမား.............. .။
ရန်လေး(ရေစကြို)
မွေးရပ်မြေ..တမ်းချင်း
Unknown | 12:11 AM |
ကဗျာရနံ့

အပိုတွေကိုမဆိုချင်ပါ
နေညိုရင်တော့
ရေစကြိုကိုလွမ်းမိတာ...။
အရာရာတွေပြည့်စုံတဲ့နေ့
အောင်မြင်မှု့တွေနဲ့အတူ
ပြန်လာမဲ့ငါတို့တတွေရဲ့အပြန်လမ်း
မျှော်လွမ်းရင်းသာ..
ကြိုစောင့်နေတော့
ရေစကြို.............ရေ....။
ရန်လေး(ရေစကြို)
Wednesday, February 22, 2012
ရေစကြို
Unknown | 10:14 PM |
ကဗျာရနံ့

ကားလှည်းစွတ်ကြောင်း
နှစ်လမ်းသွား လမ်းဆွယ်ထိပ်
ထနောင်း ဆူးတွေကြားမှာ
ဖိနပ်မစီးပဲ လျှောက်တယ်
ကိုကြီးကျော်နဲ့ သားစိုးလည်း အဆင်ပြေ
တမာတောမှာလည်း ပျော်တယ်
အဆင်မပြေတာတွေလည်း အဆင်မပြေသေးတာပေါ့
ကား ရထားများ လာတိုင်း
ထွန်တုံးရပ်ပြီး ကြည့်နေတုန်း
အိပ်မက်တွေဟာ
သူမ အတွက် ပိုပြီး အိပ်မက်ဆန်နေတုန်းပဲ
သူ့ရာသီနဲ့သူ စောစောစီးစီး အရူးရင့်ရတယ်
ဥတုသုံးပါးလုံး သနပ်ခါးလိမ်းထား
လောလောဆယ်တော့ သူက ညိုချော
ထန်းလက် ယပ်တောင် တဖျပ်ဖျပ်ခတ်
ရ - ရေစကြို
ပူသယ်ဗျို ... ။ ။
(ဒီနေရာမှာ တမင် ဒေသအသံနဲ့ သယ် (တယ်) လို့ ရေးထားတာပါ )
ဗသားချော
နှစ်လမ်းသွား လမ်းဆွယ်ထိပ်
ထနောင်း ဆူးတွေကြားမှာ
ဖိနပ်မစီးပဲ လျှောက်တယ်
ကိုကြီးကျော်နဲ့ သားစိုးလည်း အဆင်ပြေ
တမာတောမှာလည်း ပျော်တယ်
အဆင်မပြေတာတွေလည်း အဆင်မပြေသေးတာပေါ့
ကား ရထားများ လာတိုင်း
ထွန်တုံးရပ်ပြီး ကြည့်နေတုန်း
အိပ်မက်တွေဟာ
သူမ အတွက် ပိုပြီး အိပ်မက်ဆန်နေတုန်းပဲ
သူ့ရာသီနဲ့သူ စောစောစီးစီး အရူးရင့်ရတယ်
ဥတုသုံးပါးလုံး သနပ်ခါးလိမ်းထား
လောလောဆယ်တော့ သူက ညိုချော
ထန်းလက် ယပ်တောင် တဖျပ်ဖျပ်ခတ်
ရ - ရေစကြို
ပူသယ်ဗျို ... ။ ။
(ဒီနေရာမှာ တမင် ဒေသအသံနဲ့ သယ် (တယ်) လို့ ရေးထားတာပါ )
ဗသားချော
Tuesday, February 21, 2012
"နှလုံးသားကို သော့ခတ်ထားပါ"
Unknown | 8:40 PM |
ကဗျာရနံ့

မုန်းရတာလည်းဒုက္ခပါပဲ။
ချစ်သူကိုမတွေ့ရရင်
စိတ်ပူလောင်ရသလို
မုန်းသူကိုမြင်ရရင်လည်း
စိတ်ဆင်းရဲရပါတယ်။
စိတ်မပူလောင်ချင်ရင်
ဘယ်သူ့ကိုမှမချစ်ပါနဲ့။
စိတ်မဆင်းရဲချင်ရင်
ဘယ်သူ့ကိုမှ မမုန်းပါနဲ့။
အရှင်ဆန္ဒာဓိက
Untitled Album
Saturday, February 18, 2012
“တောစပ်ကသာ ကြိုပါတော့”
Unknown | 2:20 AM |
ကဗျာရနံ့

အမေကမှာတယ်...
ကားမစီးရဲလို့ ...
သားကြီးပဲ ပြန်ခဲ့ပါတဲ့...။"
"သဲချောင်းတလျှောက်
လှဲ(လှည်း)မောင်းလို့ ရောက်ရင်
တစ်ခေါက်လောက် လာချင်သား တဲ့...။"
"ထန်းမြစ်က တစ်တွဲနှစ်တွဲ
ပဲနီက တစ်ပြည်နှစ်ပြည်
ပုံးရည်က တစ်အိုးနှစ်အိုး
တန်ဖိုးမရှိပေမယ့်
ကိုယ့်ဇာတိ ကိုယ့်အစာ
အကဲ မပါပေမယ့်
ကားမစီးရဲလို့ ...
သားကြီးပဲ ပြန်ခဲ့ပါတဲ့...။"
"သဲချောင်းတလျှောက်
လှဲ(လှည်း)မောင်းလို့ ရောက်ရင်
တစ်ခေါက်လောက် လာချင်သား တဲ့...။"
"ထန်းမြစ်က တစ်တွဲနှစ်တွဲ
ပဲနီက တစ်ပြည်နှစ်ပြည်
ပုံးရည်က တစ်အိုးနှစ်အိုး
တန်ဖိုးမရှိပေမယ့်
ကိုယ့်ဇာတိ ကိုယ့်အစာ
အကဲ မပါပေမယ့်
Subscribe to:
Posts (Atom)