ရန်လေးရဲ့မေတ္တာရနံ့ဘလော့လေးကိုလာရောက်အားပေးကြသူအပေါင်းထာဝရပျော်ရွှင်ချမ်းမြေ့ကြပါစေ
MusicPlaylistView Profile
Create a playlist at MixPod.com
ရန်လေးရဲ့မေတ္တာရနံ့ဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ ယောက်မေတ္တာရနံ့ကိုဝင်ရောက်ကြည့်နေပါတယ်.....ကျေးဇူးပဲနော်
Tuesday, February 21, 2012
ရန်ကုန် မှာ ဒီလို အခြေအနေတွေ ဖြစ်နေ
Unknown | 10:17 PM | Best Blogger Tips
ရန်ကုန်တိုင်း လှိုင်သာမြို့ နယ် တိုင်ရီ ဖိနပ် ချုပ် စက်ရုံ က လုပ်ခ လစာ တိုးပေးရေး ဆန္ဒပြ
သူ တွေ ကို စောင့်ကြည့် ဖို့  ဒီနေ့ မနက် အစော ပိုင်း က စပြီး လုံထိမ်း ကား ၃ စီးထပ်မံ အင်
အား ဖြည့် ထား တယ် လို့  သိရှိ ရပြီး ကြည့် မြင့် တိုင် သာဓု ပရိယတ္တိ ကျောင်းတိုက် အနီးမှာ
မှာ လည်း ရဲကား နဲ့  အရပ် ၀တ် စစ်ထောက် လှမ်းရေး တွေ ရောက်ရှိ နေတယ် လို့  သိရပါ
တယ်။
မနေ့  က နိုင်ငံ ရေး အကျဉ်းသား များ ကူညီရေး ကွန်ယက် က ကိုဟန်ဝင်းအောင် နဲ့  မိတ်ဆွေ
များ က ဆန္ဒပြ အလုပ် သမား တွေ ကို စားသောက် ဖွယ်ရာ တွေ သွားရောက် လှုဒါန်းပြီး တဲ့
နောက် မှာ လုံထိမ်း တပ် ဖွဲ့  တွေ ကို ဖိနပ် ချုပ် စက်ရုံ အနား မှာ တိုးမြှင့် ချထား လိုက် တာ
ဖြစ်ပါတယ်။
နောက် တစ်ခါ ဒီနေ့  မှာတော့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့  ရဲ့  ဖိအား ကြောင့် ကျောင်း
တိုက် ကို စွန့် ခွာ ရတော့ မယ့် ရွှေည၀ါ ဆရာ တော် ဦးပညာ သီဟ လက်ရှိ သီတင်း သုံးရာ
သာဓု ပရိယတ္တိ ကျောင်း တိုက် အနီးမှာ လည်း အရပ် ၀တ် စစ်ထောက်လှမ်းရေး တွေ နဲ့  ရဲ
ကား တွေ ချထား သလို  ဆရာတော် သီတင်း သုံးဖို့  ကြွချီမယ့် မှော်ဘီ က ခြံ အနီး မှာ လည်း
ရဲတပ် ဖွဲ့ ဝင် တွေ က မော်တော် ကား ငယ် တွေ နဲ့  အသင့် နေရာ ယူထားတယ် လို့  သိရပါ
တယ်။
မှော်ဘီ မြို့ နယ် က ဆရာတော် သီတင်း သုံးမယ့် ကျောင်း သင်္ခန်း နေရာ ကို လှုထား တဲ့ ဒါ
ယိကာ တစ်ဦး ကိုလည်း မနေ့ က  ရဲတပ် ဖွဲ့  စစ်ဆေး မေးမြန်းတယ် လို့  သတင်း ရရှိ ပါတယ်။
ရွှေည၀ါ ဆရာ တော် ဦးပညာ သီဟ က ဒီနေ့  သူ့ ရဲ့  နှုတ်ဆက် ပွဲ ကို သာဓု ပရိယတ္တိ ကျောင်း
တိုက် မှာ ကျင်း ပ ခဲ့ ရာ ဆရာ တော် ရဲ့  တပည့် ၊ တပန်း တွေ ၊ အလှု့ ရှင် ဒါယိကာ တွေ နိုင်ငံ
ရေး အကျဉ်းသားဟောင်း တွေ နဲ့  ၈၈ မျိုးဆက် ကျောင်းသား တွေ တက် ရောက် ခဲ့ ကြပါတယ်။
ရွှေည၀ါ ဆရာ တော် ကျောင်းတိုက် မှ မထွက် ခွာ ခင် ဦး ဂမ္ဘီရ အား အဏာဖြင့် ကိုင်တွယ်မည့် ကြေးမုံ သတင်းစာ ကို ဖတ်နေစဉ် (ဓာတ်ပုံ-ဝေယံ) 7 Days News Journal
လှိုင်သာမြို့ နယ် တိုင်ရီ ဖိနပ် ချုပ် စက်ရုံ ကဆန္ဒပြ သူ တွေ ကို ဒီနေ့  နိုင်ငံရေး အကျဉ်းသား လွတ်
မြောက် ရေး ၊ လူ့  အခွင့် အရေး နဲ့  သဘာဝပတ်ဝန်း ကျင် ရေးရာ တက်ကြွ လှုပ်ရှားသူ ဦးဝင်း
ချို  က သောက်သုံး ရေ နဲ့  စားစရာ တွေ သွားရောက် လှုဒါန်းမှာ ဖြစ်ပါတယ်။
ရွှေည၀ါ ဆရာ တော် ဦးပညာ သီဟ လက်ရှိ သီတင်း သုံးရာ သာဓု ပရိယတ္တိ ကျောင်း တိုက် အနီး
ကို လာရောက် စုံစမ်း ထောက်လှမ်း သူ တွေ ထဲ မှာ နိုင်ငံ တော် သံမဟာနယက အဖွဲ့ က ဒီနှစ်
မဟန ထောက်လှမ်းရေးမှာ ယခင် ရာထူး က ဖယ်ရှား ခံခဲ့ ရတယ် စစ်ထောက်လှမ်းရေး အကြီး
အကဲ ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့် လက် ထက် က ထောက်လှမ်း ရေး အရာရှိ တွေ ပါဝင် ပါတယ်။
ဇန်န၀ါရီလ ၁၃ ရက် နေ့  မြောင်းမြ အကျဉ်းထောင် မှ ပြန်လည် လွတ်မြောက် လာ သည့် ဦးဂမ္ဘီရ
ကိုလည်း ဓမ္မစက် ဖြင့် မရ တော့ သည့် အတွက် အာဏာ စက် ဖြင့် ဆောင်ရွက် ရမည် ဟု ယနေ့ 
ထုတ် ကြေး မုံ သတင်းစာ တွင် ဖော် ပြထားသည်။
2 comments:
  1. မိုက်ရမ်းလိုက်တဲ့ကောင်တွေဗျာ
    ReplyDelete
  2. ခွေးသားတွေဘာသာရေးတောင်နှိပ်ကွပ်နေတယ်
    ReplyDelete